ဥရောပ သမဂ္ဂ ကော်မရှင်၏ ပဏာမ စီရင်ချက်သည် WTOအဖွဲ့၏စည်းမျဉ်းများကို ချိုးဖောက်ပြီး ဥရောပသမဂ္ဂသည် တရားမျှတမှုကို ထိန်းထားရန် CCCMEက ပန်ကြား

(GMT+08:00)2024-07-21 15:52:29  

China Chamber of Commerce for Inport and Export of Machinery and Electronic Products သည် ဇူလိုင်လ ၁၉ရက်နေ့က ဘရပ်ဆဲ ၌ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ရာတွင် ဥရောပကော်မရှင်အနေနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို တင်းကျပ်စွာလိုက်နာဆောင်ရွက်ပြီး တရားမျှတမှု နှင့် ပွင့်လင်းမြင်သာမှုကို ထိန်းထားရန် ပြင်းထန်စွာပန်ကြားခဲ့ကြောင်း သတင်း အရ သိရှိရသည်။

CCCMEမှ ဒုတိယဥက္ကဋ္ဌ Shi Yonghongက ဥရောပ သမဂ္ဂ ကော်မရှင်၏ ပဏာမစီရင်ချက်သည် မှားယွင်းသောအတည်ပြုချက်များပါဝင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ကြောင်း၊ တစ်ချိန်တည်းတွင် ကုန်သွယ်ရေးဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်ချက်များကို ကျင့်သုံးခြင်းသည် ဘက်အသီးသီး၏အကျိုးစီးပွားကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ပဏာမ စီရင်ပြီးနောက် အချို့ဥရောသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဂျာမဏီမော်တော်ကားစက်မှုလုပ်ငန်း အသင်း နှင့် Volkswagen ၊ BMW စသောဥရောပအဓိက မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီများသည် ပဏာမ စီရင်ချက်ကို ဆန့်ကျင်သည်ဟု ရှင်းလင်းပြတ်သားစွာ ထုတ်ဖော် ပြောကြားခဲ့ကြ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သတင်းအရ သိရှိ ရသည်။