ယခုလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးသို့ သွားရောက်ပြီး ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းဖော်ပြ
ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။
ရှီကျင့်ဖိန်က ရဲဘော် Nguyễn Phú Trọng သည် မာ့က်စ်ဝါဒီတစ်ဦးဖြစ်ပြီး ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ဗီယက်နမ်ပြည်သူများ၏ ခေါင်းဆောင်ကောင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဆယ်နှစ်ကျော်ကြာအတွင်း ကျွန်တော်နှင့် ရဲဘော် Nguyễn Phú Trọng တို့သည် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံခဲ့ပြီး နက်ရှိုင်းသော ရဲဘော်ရဲဘက်ဖြစ်လာခဲ့ကြောင်း၊ ရဲဘော် Nguyễn Phú Trọng ၏ ကွယ်လွန်သွားခြင်းသည် ကျွန်တော်တို့အား တရုတ်- ဗီယက်နမ် ဆက်ဆံမှုမြှင့်တင်ပေးသူ တစ်ဦးနှင့် ဆိုရှယ်လစ်အရေးတော်ပုံ ခရီးသွားဖော် တစ်ဦးကို ဆုံးရှုံးစေပြီး၊ ကျွန်တော်တို့အား လွန်စွာဝမ်းနည်းကြေကွဲစေရကြောင်း၊ ကျွန်တော်တို့သည် နှစ်နိုင်ငံပါတီ၊ နှစ်နိုင်ငံဆက်ဆံမှုနှင့် ကမ္ဘာ့ဆိုရှယ်လစ် လှုပ်ရှားမှု အရေးတော်ပုံတွင် ရဲဘော် Nguyễn Phú Trọng မှ ပြောင်မြောက်သော စွမ်းဆောင်မှုများ ကို အမြဲတမ်း အမှတ် ရ နေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။