တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရသည် စိတ်လှုပ်ရှားစရာကောင်းကြောင်း ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များက ဆို

(GMT+08:00)2024-07-21 10:54:03  

တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာ စုံညီ အစည်းအဝေးကို ယခုလ ၁၅ရက်နေ့မှ ၁၈ရက်နေ့ အထိ ဘေကျင်းတွင် ကျင်းပခဲ့ ပါသည်။ အစည်းအဝေးတွင် “ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစေပြီး တရုတ် အသွင်ပုံစံ ခေတ်မီမှု တွန်းအားပေးရေး ဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏ ဆုံးဖြတ်ချက်”ကို စိစစ် အတည်ပြုခဲ့သည်။ ယင်းသည် ဟောင်ကောင် နှင့် မကာအို လူ့ဘောင်အဖွဲ့အစည်း အလွှာပေါင်းစုံများနှင့် ပြည်မကြီးရှိ ထိုင်ဝမ် လုပ်ငန်းရှင် အပါအဝင် ထိုင်ဝမ် မွေးချင်းပေါက်ဖော်များကို များစွာအားဖြစ်စေသည်။ ၄င်းတို့က နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အဓိက အခွင့်အလမ်းသစ်ကို ယူပြီး နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အခြေအနေနှင့် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု လှိုင်းသစ် တွင် ပိုမို ကောင်းမွန်စွာ ပေါင်းစည်းထည့်သွင်းကာ တရုတ် အသွင်ပုံစံ ခေတ်မီရေး တည် ဆောက်မှုထဲ ခြေစုံပစ် ဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။