ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Nguyễn Phú Trọng ကွယ်လွန်

(GMT+08:00)2024-07-20 13:34:57  

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကျန်းမာရေးကော်မရှင်မှသတင်းအရ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Nguyễn Phú Trọng သည် ဒေသစံတော်ချိန် ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့  ညနေ ၁ နာရီ ၃၈ မိနစ်က ဗဟိုကော်မတီ  အမှတ် ၁၀၈ စစ်ရေးဆေးရုံး၌ ကွယ်လွန်သွားခဲ့သည်ဟု သိရပါသည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၊ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အစိုးရ၊ ဗီယက်နမ် အမိမြေတပ်ဦး ဗဟိုကော်မတီတို့သည် Nguyễn Phú Trọng အား တစ်ပြည်လုံး ဝမ်းနည်းခြင်း အခမ်းအနားကျင်းပရန်  အထူးကြေညာချက်ကို ထုတ်ပြန်ကြမည်ဟု သိရပါသည်။