မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမြင့်ဆွေ ဆေးကုသမှု ခံယူနေ

(GMT+08:00)2024-07-20 13:35:50  

မြန်မာနိုင်ငံ ယာယီ သမ္မတ ဦးမြင့်ဆွေသည် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရကြောင်း မြန်မာနိုင်ငံ အမျိုးသား စီမံအုပ်ချုပ်ရေး ကောင်စီက ဒေသစံတော်ချိန် ဇူလိုင်လ ၁၉ ရက်နေ့က ကြေညာခဲ့ပါသည်။

ယာယီ သမ္မတ ဦးမြင့်ဆွေသည်  လှုပ်ရှားရာတွင် ခြေလက်များ တုန်နေခြင်းနှင့် အစားအသောက်နည်းခြင်းများ ခံစားခဲ့ရသည့်အတွက် ဆေးစစ်ရာမှာ အာရုံကြောဆိုင်ရာ အားနည်းနေသည့်  ရောဂါဝေဒနာကို ခံစားနေ ရကြောင်း သိရပြီး ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး ပုံမှန် ဆေးကုသမှု များ ခံယူနေပါသည်။ လက်ရှိတွင် အစာစားခြင်းနှင့် နေ့စဉ် လှုပ်ရှားဆောင်ရွက်မှုများ မလုပ်ဆောင် နိုင်သောကြောင့် အထူးကြပ်မတ် ဆေးကုသမှုကို ခံယူနေဆဲ ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။