တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ပါတီအဖွဲ့သည် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရ များကို လေ့လာ

(GMT+08:00)2024-07-20 13:36:41  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ပါတီအဖွဲ့သည် ဇူလိုင်လ ၁၉ ရက်နေ့က အစည်းအဝေးကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ မိန့်ခွန်းပြောကြားချက်နှင့် အစည်းအဝေးမှ ထုတ်ပြန်သော စာတမ်းပါ အနှစ်သာရများကို လေ့လာ၍ အကောင်အထည်ဖော် ဆောင်ချက်များကို လေ့လာခဲ့ပါသည်။

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယအကြိမ် မျက်နှာစုံညီ အစည်း အဝေးအပြီး ရှုပ်ထွေးသော နိုင်ငံတကာပတ်ဝန်းကျင်နှင့် ခက်ခဲကြမ်းတမ်းသော ပြည်တွင်း ပြုပြင်ပြောင်းလဲးရေး၊ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်နှင့် ရင်ဆိုင်နေရချိန်တွင် ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေထားသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပါတီတစ်ခုလုံးနှင့် တိုင်းရင်းသား လူမျိုးစုအားလုံးကို စုစည်းဦးဆောင်ပြီး ပြည်တွင်းပြည်ပ အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ဘက်ပေါင်းစုံ ကနေ စီမံခန်ခွဲနေသလို ဖွံ့ဖြိုးတိုးတက်ရေး နှင့် လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားကာ ဘက်ပေါင်းစုံ ကနေ စီမံခန်ခွဲပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဦးမော့လာစေရန်နှင့် ခေတ်မီသော ဆိုရှယ်လစ်နိုင်ငံကို ဘက်စုံ တည်ဆောက်ရန် အတွက်  ခိုင်မာသော ခြေလှမ်းများ တက်လှမ်းနိုင်ခဲ့ ကြောင်း ကော်မတီဝင် များက ယူဆကြပါသည်။