တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစေရေးသည် ကမ္ဘာ အတွက် အခွင့်အလမ်းသစ်များကို ဆောင်ကြဉ်းပေးမည်

(GMT+08:00)2024-07-20 12:35:44  

        တရုတ် ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟို ကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ ၁၅ရက်နေ့မှ ၁၈ရက်နေ့ အထိ ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး၏ အရေးအကြီးဆုံး အကျိုးရလဒ်မှာ “ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်းစေပြီး တရုတ် အသွင်ပုံစံ ခေတ်မီမှု တွန်းအားပေးရေး ဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်”ကို စိစစ် အတည်ပြုခဲ့ခြင်းပင် ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်တွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်း စေရေး အတွက် အထွေထွေ ရည်မှန်းချက်၊ အချိန်ဇယားနှင့် လမ်းကြောင်းပြမြေပုံကို သတ်မှတ်ပေးပြီး သက်ဆိုင်ရာ စည်းစနစ်ကျသော အစီအစဉ်ပေးမှုများကိုလည်း ပြုလုပ်ခဲ့ ပါသည်။ ယင်းသည် ခရီးစဉ်သစ်တွင် တရုတ် အသွင်ပုံစံ ခေတ်မီမှု တွန်းအားပေးရေး အတွက် ဦးတည်ချက်ကို ညွှန်ပြပေးပြီး တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရန် စိတ်ပိုင်းဖြတ်မှုနှင့် ကမ္ဘာ အတွက် ဆောင်ကြဉ်းလာမည့် အခွင့်အလမ်းများကို ပြသနေပါ သည်။

ယခုအကြိမ် အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ နက်ရှိုင်း စေရေး အတွက် သက်ဆိုင်ရာ စည်းစနစ်ကျသော အစီအစဉ်ပေးမှုများ၌ “အဆင့်မြင့်မားသော ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ် တည်ဆောက်ရေး”ကို ထိပ်ဆုံးနေရာတွင် ထားရှိ ပါသည်။ ယင်းရည်မှန်းချက် အကောင်အထည် ဖော်ဆောင်ရန် တင်ပြသော ဆောင်ရွက်ချက် များစွာသည် တရုတ် နိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှင်သန်မှုသစ်များကို ဖော်ဆောင်ပေးမည် ဖြစ်ပါသည်။ ယခုအကြိမ် အစည်းအဝေးတွင် “ဒေသခံ ထူးခြားချက်ဝိသေသနှင့် လိုက်လျောညီထွေဖြစ်အောင် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား စနစ် ကောင်းမွန်ပြည့်စုံစေရေး”နှင့် “ဒြပ်ရှိစီးပွားရေး နှင့် ဒီဂျစ်တယ် စီးပွားရေး နက်ရှိုင်းစွာ ပေါင်းစပ်မှု တိုးမြှင့်ရေး စနစ် ကောင်းမွန်ပြည့်စုံ စေရေး” စသည်များကိုလည်း အလေးထား ဖော်ပြခဲ့ပါသည်။ ယင်းသည် ကမ္ဘာအား “တရုတ် ဆန်းသစ်တီထွင်မှု” အခွင့်အလမ်းများ အတူမျှဝေစေရေး အတွက် ပိုမိုများပြားသော အခြေ အနေများကို ဖန်တီးပေးမည် ဖြစ်ပါသည်။ ထို့အပြင်၊ ယခုအကြိမ် အစည်းအဝေးတွင် အဆင့် ပိုမိုမြင့်မားသော တံခါးဖွင့်မှုကို တွန်းအားပေးရေး အတွက် စီစဉ်ပေးမှုသစ်များကိုလည်း ပြလုပ်ခဲ့ပါသည်။ ယင်းစီစဉ်ပေးမှုသစ်များတွင် စနစ်ကျသော တံခါးဖွင့်မှု၊ နိုင်ငံခြား ကုန်သွယ်ရေး စနစ် ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပတွင် တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများအား စီမံခန့်ခွဲရေးတို့ကို တိုးချဲ့ ဆောင်ရွက်ရေးစသည်များ ပါဝင် ပါသည်။

တရုတ် အသွင်ပုံစံ ခေတ်မီရေးကို ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို  ဖော်ဆောင်ရာ တွင် အဆက်မပြတ် တွန်းအားပေးနေခြင်း ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို  ဖော်ဆောင်ရာတွင် ပိုမို များပြားသည့် ရှေ့အလားအလာများကို ဖန်တီးပေးမည် ဖြစ်ကာ ကမ္ဘာအား ပိုမိုများပြားသည့် အခွင့်အလမ်းများကို မျှဝေရရှိစေမည်မှာ မုချမလွဲ ဖြစ်သည်။