တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ပါတီအဖွဲ့ သည် အစည်းအဝေးကို ခေါ်ယူကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရကို သင်ယူလေ့လာ

(GMT+08:00)2024-07-20 13:37:55  

တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ  ပါတီ အဖွဲ့သည် ဇူလိုင်လ ၁၉ရက်နေ့က အစည်းအဝေးကို ခေါ်ယူ ကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရကို သင်ယူလေ့လာပြီး မျက်နှာစုံညီအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်မှ အရေးကြီး ပြောကြားချက်၏ အနှစ်သာရကို သင်ယူလေ့လာခဲ့ကြပါသည်။

 အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးသည် တရုတ်အသွင်ပုံစံခေတ်မီရေးဖြင့် နိုင်ငံတော်အားကောင်း စေအောင် တည်ဆောက်ရေး နှင့် အမျိုးသားပြန်လည်ရှင်သန်စေရေးလုပ်ငန်းကို ဘက်စုံ တွန်းအားပေးနေသော သော့ချက်ကျသည့် အချိန်ကာလတွင် ခေါ်ဆိုကျင်းပသော အရေးကြီးအစည်းအဝေးတစ်ကြိမ် ဖြစ်ကြောင်း၊ မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုခဲ့သော “ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်”သည် ပါတီ သမိုင်း၌ နောက်တစ်ခု လုပ်ငန်းစဉ် လမ်းညွှန်စာတမ်း ဖြစ်ကြောင်း၊ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အရေးကြီး ပြောကြားချက်သည် ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ အရေးကြီး အနက်အဓိပ္ပာယ်၊ အရေးကြီးဆောင်ရွက်ချက်နှင့် အရင်းခံ အာမခံချက် စသော အရေးကြီးပြဿနာ များကို အလေးအနက်ရှင်းလင်းဖော်ပြပြီး မျက်နှာစုံညီ အစည်းအဝေး၏ အနှစ်သာရကို အကောင်အထည်ဖော်ရန်နှင့်ပတ်သက်ပြီး ရှင်းလင်းပြတ်သားသော တောင်းဆိုချက်များ ဖော်ပြခြင်း ဖြစ်ကြောင်း ယင်းအစည်းအဝေးတွင် ယူဆကြ ပါသည်။