ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng ကွယ်လွန်သွားခြင်း အတွက် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-07-20 12:37:08  

        ယခုလ ၁၉ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီသည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး Nguyễn Phú Trọng ကွယ်လွန်သွားခြင်းအတွက် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီထံသို့ ဝမ်းနည်း ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

        ၄င်းသဝဏ်လွှာတွင် ရဲဘော် Nguyễn Phú Trọngနှင့် ရဲဘော် ရှီကျင့်ဖိန်တို့သည် တရုတ်-ဗီယက်နမ် ဆက်ဆံမှုကို မဟာဗျူဟာမြောက် အနက် အဓိပ္ပါယ် ပါရှိသော ကံကြမ္မာတူ အသိုက်အဝန်း အဖြစ် အတူတကွ တိုးမြှင့်ပြီး တရုတ်-ဗီယက်နမ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို ရှေ့သို့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် အားကောင်းစွာ တွန်းအားပေးခဲ့ကြကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် တရုတ် ပြည်သူများ အနေနှင့် ရဲဘော် Nguyễn Phú Trọngကို ထာဝရ တမ်းတသတိရ နေ မည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

      ထို့အပြင်၊ ၄င်းသဝဏ်လွှာတွင် တရုတ်နိုင်ငံသည် ဗီယက်နမ်ကို တရုတ်နိုင်ငံ၏ အိမ်နီးနားချင်း သံတမန်ဆက်ဆံရေးတွင် ဦးစားပေးအဖြစ် အမြဲတမ်း သတ်မှတ်ထားပြီး ဗီယက်နမ်ဘက်နှင့် အတူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို အဆက်မပြတ် ခိုင်မာစေကာ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်၍ တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွေ့ကျကျ နက်ရှိုင်းစွာ ဖော်ဆောင်ပြီး နှစ်နိုင်ငံ ပြည်သူများ အတွက် ချမ်းသာသုခများကို ဖန်တီးကာ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်လိုကြောင်းလည်း ရေးသားဖော်ပြထားပါသည်။