ဖုန်လိယွမ်သည် တရုတ်-အာဖရိက ကလေးများ နွေရာသီ စခန်းလှုပ်ရှားမှုသို့ တက်ရောက်

(GMT+08:00)2024-07-20 13:39:50  

ဇူလိုင်လ ၁၉ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်၏ဇနီး၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ ကရုဏာရှင်၊ ယူနက်စကို  မိန်းကလေးများ နှင့်အမျိုးသမီး ပညာရေးကို မြှင့်တင်ရေး အထူးသံတမန် ဖုန်လိယွမ်သည် ဘေကျင်း မြို့ပြ စာကြည့်တိုက်တွင် “Love in the Sunshine” ---- တရုတ်-အာဖရိက ကလေးများ နွေရာသီ စခန်း လှုပ်ရှားမှုသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

၂၀၂၃ခုနှစ်က ဖုန်လိယွမ်နှင့် Organization of African First Ladies for Development တို့သည် “ကလေးများ၏နှလုံးသားများ နွေးထွေးစေရန် တရုတ်နှင့်အာဖရိက တို့ လက်တွဲစို့”လှုပ်ရှားမှု ဆိုင်ရာကမ်းလှမ်းချက်ကို အတူတူအဆိုတင်သွင်းကြပြီး စတင် ဆောင်ရွက်ခဲ့ကြကြောင်း၊ အာဖရိကနိုင်ငံ ၅၀ကျော်မှ မိဘမဲ့ ကလေးများ၏ ကျန်းမာရေး ကို ပြုစုစောင့်ရှောက်ရေး လှုပ်ရှားမှု များ ဆောင်ရွက်ခဲ့ကြောင်း သတင်း အရ သိရှိရသည်။