ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ်တွင် ဖြစ်ပွားသည့် အဝေးပြေး ကားလမ်း တံတား ပြိုကျမှုနှင့် ပတ်သက်၍ အရေးကြီး ညွှန်ကြားချက် ပြောကြား

(GMT+08:00)2024-07-20 21:13:26  

ယခုလ ၁၉ရက်နေ့ ည ၈နာရီ မိနစ် ၄၀ခန့်တွင် တရုတ် နိုင်ငံ ရှန်ရှီးပြည်နယ် ရှန်းလို့မြို့ ဂျာရွှေ ခရိုင်း အတွင်းရှိ အဝေးပြေး ကားလမ်း တံတား တစ်ခုသည် တောင်ကျရေ များ အရှိန်ပြင်းစွာ စီးဆင်းမှုကြောင့် ပြိုကျခဲ့သည့် အတွက် မော်တော်ယာဉ် အချို့ မြစ်ထဲသို့ ကျသွားခဲ့ရကြောင်း၊ ဇူလိုင်လ ၂၀ရက်နေ့ နံနက် ၁၀နာရီ အထိ လူ ၁၁ဦး သေဆုံးပြီး လူ ၃၀ဦးကျော်  ပျောက်ဆုံးနေသေးကြောင်း သတင်းအရ သိရပါသည်။

၄င်းမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် အရေးကြီး ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ရှီကျင့်ဖိန်က လောလောဆယ် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စမှာ ကယ်ဆယ်ရေး လုပ်ငန်းကို အစွမ်းကုန် ဆောင်ရွက် ပြီး ပျောက်ဆုံးနေသူများကို ရရာနည်းဖြင့် ရှာဖွေကယ်ဆယ်ကာ လူအသေ အပျောက်ကို တတ်နိုင်သမျှ နည်းပါးစေနိုင်အောင် ကြိုးပမ်းဆောင်ရွက်၍ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအား နှစ်သိမ့်သည့် လုပ်ငန်းနှင့် နောက်ဆက်တွဲ လုပ်ငန်းများကို သင့်လျော်ပြေလည်စွာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အနီးတစ်ဝိုက် ဒေသများ၏ လုံခြုံရေး ဆိုင်ရာ အန္တရာယ်များကို ပယ်ဖျက်ရန် သေသေချာချာ စစ်ဆေးပြီး ပြည်သူလူထုများ၏ အသက်နှင့် အိုးအိမ် လုံခြုံရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။