ပါတီအစည်းအဝေး၏ ဆုံးဖြတ်ချက်တွင် အမျိုးမျိုးသော ပိုင်ဆိုင်မှုစနစ် စီးပွားရေးများ၏ အားသာချက်တွေ အပြန်အလှန် ဖြည့်စွက်ခြင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းကို တွန်းအားပေးရန် ဖော်ပြ

(GMT+08:00)2024-07-19 13:03:13  

   ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက်အကြောင်းအရာကို ရှင်းလင်း ဖော်ပြခဲ့ပါသည်။

   ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့ပါသည်။ ဗဟို ဘဏ္ဍာရေးရုံး ဒုဥက္ကဋ္ဌ၊ ဗဟို လယ်ယာစိုက်ပျိုးရေးရုံး ဥက္ကဋ္ဌ ဟန်ဝင်ရှုက၊ အရည်အချင်း မြင့်မားသော ဆိုရှယ်လစ် ဈေးကွက် စီးပွားရေးစနစ်ကို တည်ထောင်ရန် ဆုံးဖြတ်ချက်တွင် ရှင်းလင်းစွာ ဖော်ပြထားကြောင်း၊ "ဦးလည်မသုန်" နှစ်ခုကို စွဲကိုင် အကောင်အထည် ဖော်ဆောင်ရမည် ဖြစ်ပြီး အမျိုးမျိုးသော ပိုင်ဆိုင်မှုစနစ် စီးပွားရေးများ၏ အားသာချက်တွေ အပြန်အလှန် ဖြည့်စွက်ခြင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ခြင်းကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ တစ်ဖက်၌ အစိုးရ၏ ငွေရင်းမြှုပ်နှံမှုဖြင့် လုပ်ကိုင်သော လုပ်ငန်းကုမ္ပဏီနှင့် အစိုးရပိုင် လုပ်ငန်းကုမ္ပဏီများ၏ ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ ပြုလုပ်ရမည် ဖြစ်ပြီး တဖက်၌ အစိုးရပိုင် မဟုတ်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ကောင်းမွန်သော ပတ်ဝန်းကျင်များကို ဖန်တီးပေးပြီး ပိုမို များပြားသော အခွင့်အလမ်းများကို ဖန်တီးပေးရမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။