ရှီကျင့်ဖိန်သည် ကွန်မြူနစ်ပါတီဝင်မဟုတ်သော ပုဂ္ဂိုလ်များဆွေးနွေးပွဲကို ကြီးမှူးကျင်းပပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2024-07-19 14:53:37  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် မေလ ၂၀ ရက်နေ့က ကျုံးနန်ဟိုင်၌ ကွန်မြူနစ်ပါတီဝင်မဟုတ်သောပုဂ္ဂိုလ်များဆွေးနွေးပွဲကို ကျင်းပခဲ့ရာ ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဒီမိုကရေစီ ပါတီများ၏ ဗဟိုကော်မတီ ကိုယ်စားလှယ်များ၊ တရုတ်စက်မှုနှင့် ကုန်သွယ်ရေးအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ၏ အကြံပြုချက်များကို ကြားနာခဲ့သည်။ ရှီကျင့်ဖိန်က  ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရာတွင် ပြဿနာများကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည် ဖြစ်ပြီး သဘောတူညီချက်များကို တိုးချဲ့ရမည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွင် စီမံကိန်းရေးဆွဲခြင်းသာမက အကောင်အထည်ဖော်ရန်လည်း အလေးထားရမည်ဖြစ်ကြောင်း ပြောကြားပါသည်။