“Belt and Road”အတူတကွတည်ဆောက်ရေးဆိုင်ရာ နောက်ဆုံးရ တိုးတက်မှုနှင့် အောင်မြင်မှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရှင်းလင်းဖော်ပြ

(GMT+08:00)2024-07-19 12:47:11  

ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် China Media Group မှ သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် က လွန်ခဲ့ သည့် ၁၀ နှစ်ကျော်အတွင်းတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံ ၁၅၀ကျော်၊ နိုင်ငံတကာအဖွဲ့ အစည်း ၃၀ကျော်နှင့် “Belt and Road”အတူတကွတည်ဆောက်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးစာတမ်းများကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်က တရုတ် နိုင်ငံနှင့် “Belt and Road”အတူတကွတည်ဆောက်သောနိုင်ငံများအကြား ကုန်စည် ကုန်သွယ်ရေးပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၁၉၅၀၀ ရှိပြီး ၂၀၂၂ခုနှစ်ကထက် ၂.၈ ရာခိုင်နှုန်း တိုးများလာကာ သွင်းကုန်ပို့ကုန်စုစုပေါင်းပမာဏ၏ ၄၆.၆ ရာခိုင်နှုန်း ပါရှိခဲ့သဖြင့် အတိုင်းအတာနှင့် ပါရှိနှုန်းတို့သည် “Belt and Road”အဆိုပြုချက် တင်ပြပြီးနောက် အမြင့်ဆုံးနေရာတွင် တည်ရှိကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့နှင့် အပြန်အလှန် ကူညီဖေးမပြီး လက်တွဲကြိုးပမ်းကာ “Belt and Road”အတူတကွ တည်ဆောက်ရေးကို အရည်အသွေးပိုမိုမြင့်မားစွာ၊ အဆင့်အတန်းပိုမိုမြင့်မားစွာ ဖွံ့ဖြိုး တိုးတက်ဖို့ တွန်းအားပေးရန်၊ ကမ္ဘာ့နိုင်ငံအသီးသီးတို့၏ ခေတ်မီရေးကို အကောင်အထည် ဖော်ဖို့ တွန်းအားပေးရန်၊ ပိုမိုတံခါးဖွင့်ပြီး အားလုံးပါဝင်နိုင်သော အပြန်အလှန် ဆက်သွယ်နိုင်သော အတူတကွဖွံ့ဖြိုးတိုးတက်နိုင်သော ကမ္ဘာကြီးကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။