ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင်ပါဝင်မည့် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ ပြင်သစ်နိုင်ငံသို့ ရောက်ရှိ

(GMT+08:00)2024-07-19 12:43:13  

နိုင်ငံတကာ အိုလံပစ်ကော်မတီမှ သတင်းအရ ပြင်သစ်နိုင်ငံ Normandy ရှိ Bayeux မြို့ငယ်လေးသို့ နည်းပြဆရာများ၊ အားကစားသမားများနှင့် ဝန်ထမ်းများအပါအဝင် ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်မည့် ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာပြီဖြစ်ကြောင်း သိရပါသည်။

 နိုင်ငံနှင့် ဒေသပေါင်း ၁၅ ခုမှ အားကစားသမား စုစုပေါင်း ၃၇ ဦးသည် ယခုအကြိမ် ပဲရစ်အိုလံပစ်အားကစားပြိုင်ပွဲမှ ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်လာကြပြီး ၎င်းတို့သည် ပြိုင်ပွဲ ၁၂ ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။