စံချိန်သစ်တစ်ခု၊ Stegosaurus ဒိုင်နိုဆောအရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းကို လေလံပွဲတွင် ကန်ဒေါ်လာ ၄၅ သန်းနီးပါးဖြင့် ရောင်းချ

(GMT+08:00)2024-07-19 12:51:06  

APနှင့်ABCစသည့်မီဒီယာများမှ သတင်းအရ ဒေသစံတော်ချိန် ဇူလိုင်လ ၁၇ ရက်နေ့က  Stegosaurus ဒိုင်နိုဆော အရိုးစု အပြည့်အစုံနီးပါး ကို New York ရှိ Sotheby's တွင် အမေရိကန်ဒေါ်လာ ၄၄.၆ သန်းဖြင့် ရောင်းချခဲ့ပြီး ဒိုင်နိုဆောရုပ်ကြွင်းရောင်းချရေး စံချိန်တင်ခဲ့သည်။ သတင်းအရ ဤ stegosaurus ဒိုင်နိုဆောအရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းကို Apex ဟုခေါ်သည်။ အမြင့် ၃.၃ မီတာရှိပြီး နှာခေါင်းမှ အမြီးအထိ ၈.၂ မီတာ ရှည်ပြီး ၎င်းအရိုးစုသည် အရိုး ၃၁၉ ခုဖြင့် ဖွဲ့စည်းထားကာ ၂၅၄ ခုသည် ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်သည်။ Sotheby's လေလံရုံးမှ ၎င်းသည် လက်ရှိ တွေ့ရှိဖူးသမျှ အပြည့်စုံဆုံး ဒိုင်နိုဆောအရိုးစုများထဲက တစ်ခုဖြစ်သည်ဟု ဆိုသည်။