တရုတ်နိုင်ငံတွင် လူဦးရေ သန်း ၂၅၀ သည် တက္ကသိုလ် ကောလိပ် ပညာ သင်ကြားမှု ရရှိနိုင်ခဲ့၊ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်ခြင်း နိုင်ငံများစာရင်းတွင် အောင်မြင်စွာ ဝင်ရောက်

(GMT+08:00)2024-07-19 13:04:05  

 

 ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက်အကြောင်းအရာကို ရှင်းလင်း ဖော်ပြခဲ့ပါသည်။

   ယခုအကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့ပါသည်။ ပညာရေး ဝန်ကြီးဌာန ဝန်ကြီး ဟွိင်ကျင့်ဖိန်က တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အတိုင်းအတာ အကြီးမားဆုံးသော ပညာရေး စည်းစနစ်ကို တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း၊ လူဦးရေ သန်း ၂၅၀ သည် တက္ကသိုလ် ကောလိပ် ပညာ သင်ကြားမှု ရရှိနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးတွင် သုတေသနပြုရေးဆိုင်ရာ အသုံးစရိတ် ပမာဏသည် ကမ္ဘာ့ ဒုတိယ အများဆုံး ဖြစ်ပြီး တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်ခြင်း နိုင်ငံများစာရင်းတွင် အောင်မြင်စွာ ဝင်ရောက်ပြီ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။