ဂျပန်၏ ကာကွယ်ရေးစက္ကူဖြူစာတမ်းအသစ်ကို တရုတ် ဝေဖန်ချေပ

(GMT+08:00)2024-07-19 12:46:28  

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျန်ရှောင်ကန် သည် ဂျပန် အစိုးရမှ ထုတ်ပြန်သော ၂၀၂၄ခုနှစ် ကာကွယ်ရေးစက္ကူဖြူစာတမ်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစက္ကူဖြူ စာတမ်းအသစ်တွင် ဓာတ်ပြားဟောင်းကြီးများနှင့် ပြည့်နှက်နေကြောင်း၊ ဂျပန်နိုင်ငံ၏ စစ်တပ်အင်အားမြှင့်တင်ရန်အတွက် တရုတ်နိုင်ငံကို အကြောင်းပြပြီး ဂျပန်ပြည်သူလူထု အား လိမ်လည်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအား လှည့်ဖြားရန်ပင် ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းအတွက် မကျေမနပ်ဖြစ်ပြီး ပြတ်ပြတ်သားသားဆန့်ကျင်ကာ ဂျပန် နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။