တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာရှင်းလင်းပွဲ- ဆုံးဖြတ်ချက်တွင် ၁၅ ပိုင်းနှင့် ပုဒ်မ ၆၀ ပါဝင်ပြီး အရေးကြီးသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် ၃၀၀ ကျော်ကို ဖော်ပြ

(GMT+08:00)2024-07-19 12:59:40  

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို ရှင်းလင်းပြောဆိုခဲ့သည်။

   ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက်အကြောင်းအရာကို ရှင်းလင်း ဖော်ပြခဲ့ပါသည်။ 

သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစီ သုတေသနဌာန ဒုဥက္ကဋ္ဌ ထန်ဖေါင်ယူက ယင်း ဆုံးဖြတ်ချက်တွင် အပိုင်း ၁၅ ပိုင်းနှင့် ပုဒ်မ ၆၀ ပါဝင်ပြီး အရေးကြီးသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် ၃၀၀ ကျော်ကို ဖော်ပြထားကာ စနစ်၊ ယန္တရားဆိုင်ရာ အကြောင်းအရာများ ဖြစ်ကြောင်း၊ ၎င်းအနက် အချို့မှာ ယခင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို ပြည့်စုံမြှင့်တင်ရေး ဖြစ်ပြီး အချို့မှာ လက်တွေ့ကျသော လိုအပ်ချက်များနှင့် စမ်းသပ်ရှာဖွေမှုများကို အခြေခံသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်များ ဖြစ်ကြောင်း ပြောကြားသည်။

ထန်ဖေါင်ယူက မျက်နှာစုံညီ အစည်းအဝေး တက်ရောက်လာသော ရဲဘော်များသည် ဆုံးဖြတ်ချက် မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ၎င်းကို ချီးကျူးပြောဆိုခဲ့ကြကြောင်း၊ ယင်း ဆုံးဖြတ်ချက်သည် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး ကျင်းပပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေးကို ဘက်စုံ ဇောက်ချ ပြုလုပ်ရေး၏ နောက်ဆက်တွဲ လက်တွေ့ကျကျ လုပ်ဆောင်မှု ဖြစ်ပြီး ခရီးသစ်တွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးသည့် အခန်းသစ်ဖြစ်ကာ မိမိတို့ပါတီသမိုင်းတွင် အရေးကြီးသော လမ်းစဉ်စာတမ်းတစ်ခုလည်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း ပြောကြားသည်။