China Media Groupမှ "China Red" 8K ultra-high-definition ထပ်ဆင့်ထုတ်လွှင့်ပြသရေးကားသည် မေလ ၁၈ ရက်နေ့က ဘေကျင်းမြို့မှ ပါရီမြို့သို့ ထွက်ခွာခဲ့သည်။ ၎င်းသည် သမုဒ္ဒရာကိုဖြတ်ကာ ခရီးနှင်ခဲ့ပြီး လူအများ၏အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
ဒေသစံတော်ချိန် ယခုလ ၁၆ ရက်နေ့တွင် China Media Groupမှ "China Red" 8K ultra-high-definition ထပ်ဆင့်ထုတ်လွှင့်ပြသရေးကားသည် ပြင်သစ်အားကစားကွင်းသို့ ရောက်ရှိ ပြီး အိုလံပစ် ထုတ်လွှင့်ပြသရေးကုမ္ပဏီ (OBS) နှင့် လွှဲပြောင်းပေးအပ်ခြင်း လုပ်ဆောင်ခဲ့သည်။ "China Red" သည် ပါရီအိုလံပစ်အားကစားပြိုင်ပွဲ၏ပြေးခွန်ပစ် အားကစားပြိုင်ပွဲများနှင့် ပိတ်ပွဲအခမ်းအနားအတွက် 8K ဖြင့် နိုင်ငံတကာ အများပြည်သူသုံး Signal များကို ဤနေရာတွင် ထုတ်ပေးမည်ဖြစ်ပါသည်။ ၎င်းသည် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏သမိုင်းတွင် 8K ultra-high-definition ထုတ်လွှင့်ပြသမှုကို ပထမဆုံးအကြိမ် ပံ့ပိုးပေးခြင်းဖြစ်သည်။
China Media Groupသည် ပါရီအိုလံပစ်အားကစားပြိုင်ပွဲတွင် ထပ်ဆင့် ထုတ်လွှင့်ပြသမှုပရောဂျက်များအတွက် လေလံအများဆုံးရရှိထားသည့် နိုင်ငံတကာမီဒီယာဖြစ်ပြီး China Media Group၏ 8K ultra-high-definitionဖြင့် သတင်းယူခြင်း၊ အယ်ဒီတာလုပ်ခြင်းနှင့် ရုပ်သံထုတ်လွှင့်နည်းပညာများ အားလုံးသည် တရုတ်နိုင်ငံမှ ကိုယ်တိုင် တီထွင်ထုတ်လုပ်ခြင်းဖြစ်ပါသည်။