ဖိလစ်ပိုင် စစ်ဘက်သည် တရားမဝင် လက်နက်ကိုင် ၃ဦးကို ပစ်သတ်

(GMT+08:00)2024-07-18 14:42:06  

ယခုလ ၁၆ရက်နေ့က ဖိလစ်ပိုင် စစ်ဘက်သည် တရားမဝင် လက်နက်ကိုင် ၃ဦးကို ပစ်သတ်ခဲ့ကြောင်း ဖိလစ်ပိုင် စစ်ဘက်မှ သတင်းအရ သိရပါသည်။

 ထိုနေ့တွင် သက်ဆိုင်ရာ သတင်း ရရှိပြီး ဖိလစ်ပိုင် စစ်ဘက်သည် တရားမဝင် လက်နက်ကိုင် အဖွဲ့၏ စခန်းကို စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ကာ လက်နက်ကိုင် သမားများနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ဘက်မှ တစ်ဦး ပစ်ခတ်မှု ခံရကြောင်း၊ လက်နက်ကိုင် သမား ၃ဦး သေဆုံးပြီး ၁ဦး ဖမ်းဆီးမိခဲ့ကြောင်း သတင်းအရ သိရပါသည်။