China Media Group ၏ ပါရီအိုလံပစ်အားကစားပွဲတော် ထုတ်လွှင့်မှုနှင့်ပတ်သက်သော သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00)2024-07-18 14:39:50  

ဇူလိုင်လ ၁၇ ရက်နေ့က China Media Group ၏ ပါရီအိုလံပစ်အားကစားပွဲတော် ထုတ်လွှင့်မှုနှင့်ပတ်သက်သော သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ရာ China Media Group မှ ကိုယ်တိုင်တီထွင် ထုတ်လုပ်သည့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်မှု အပလီကေးရှင်း ၁၀ခုကို ပြသခဲ့ပါသည်။ China Media Group သည် ပါရီအိုလံပစ်အားကစားပွဲတော် ထုတ်လွှင့်ရန် လေလံ အများဆုံးရရှိသော နိုင်ငံတကာမီဒီယာ ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် ပါရီအိုလံပစ်အားကစား ပွဲတော်ကို ကောင်းမွန်အောင် ထုတ်လွှင့်ရန်အတွက် China Media Group သည် “အတွေး အခေါ်+ အနုပညာ+ နည်းပညာ”ပေါင်းစပ်မှုနှင့် ဆန်းသစ်တီထွင်မှုများကို တွန်းအားပေး ပြီး Ultra High Definition ၊ AI ၊ 5G နှင့် Cloud Platform စသည့်နည်းပညာသစ်များကို အပြည့်အဝအသုံးပြုကာ ကိုယ်တိုင်တီထွင်ထုတ်လုပ်သည့် ထုတ်လွှင့်မှုစနစ်နှင့် အဓိက စက်ကိရိယာများဖြင့် Multi-channel ၊ Multi-terminal Integrated Media Communication Matrix ကို တည်ဆောက်ထားပါသည်။ ပါရီအိုလံပစ်အားကစား ပွဲတော်ကို ထပ်ဆင့်ထုတ်လွှင့်မှုနှင့် သတင်းထုတ်ပြန်မှုများကို ဘက်စုံ ပြုလုပ်မည် ဖြစ်ပြီး ကမ္ဘာနှင့်တစ်ဝှမ်း ပရိသတ်များအတွက် စွမ်းအားနှင့် အလှ ပေါင်းစပ်သော ရုပ်မြင်သံကြားပွဲတော်ကြီးကို တင်ဆက်ပြသမည် ဖြစ်ပါသည်။