အမေရိကန်သမ္မတ ဘိုင်ဒန်၏ COVID-19 စစ်ဆေးမှုရလဒ်သည် positive ဖြစ်

(GMT+08:00)2024-07-18 14:39:25  

အမေရိကန် သမ္မတ ဘိုင်ဒန်၏ COVID-19 စစ်ဆေးမှုရလဒ်သည်  positive ဖြစ် ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၇ ရက်နေ့က အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာ ခဲ့ပါ သည်။

အိမ်ဖြူတော်မှ ထုတ်ပြန်ချက်အရ ဘိုင်ဒန် သည် ထိုနေ့က Las Vegas ၌ သူ၏ ပထမ ပွဲလှုပ်ရှားမှုအပြီးတွင် COVID-19 စစ်ဆေးမှု၌ positive တွေ့ရှိခဲ့ကြောင်း၊ ဘိုင်ဒန်သည် ကာကွယ်ဆေးကို တစ်ကြိမ်ထက်မကထိုးနှံခဲ့ဖူးပြီး လက်ရှိတွင် အပျော့စား လက္ခဏာရှိကာ ဗိုင်းရပ်စ် တိုက်ဖျက်ဆေးများကို သောက်သုံးခဲ့ပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။