WTO အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမူဝါဒများကို ဆွေးနွေး

(GMT+08:00)2024-07-18 14:38:07  

ဇူလိုင်လ ၁၇ ရက်နေ့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၉ ကြိမ်မြောက် တရုတ်ကုန်သွယ်ရေး မူဝါဒ စိစစ်ဆွေးနွေးခြင်း ပထမနေ့ အစည်းအဝေးတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်ကို ထိန်းသိမ်းရာတွင် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အကျိုးပြုမှုများကို ချီးကျူးခဲ့ကြပါသည်။

အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များက တရုတ်နိုင်ငံ၏ စီးပွားရေးသည် ပြင်ပစိန်ခေါ်မှုများစွာကို ရင်ဆိုင်ရာတွင် ကြံ့ခိုင်မှုကို ပြသခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ၅.၂% တိုးလာကာ ကပ်ရောဂါဖြစ်ပွားပြီးနောက် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် အရေးအကြီးဆုံး မောင်းနှင်အားဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။