ဟားမတ်စ်အဖွဲ့မှ တပ်မှူး တစ်ဝက်ခန့်သေဆုံးပြီဟု အစ္စရေးစစ်တပ် ဆို

(GMT+08:00)2024-07-18 14:37:25  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းက အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဂါဇာဒေသ၌ အကြီးစား စစ်ဆင်မှု စတင်ခဲ့သည့်နောက်ပိုင်း အစ္စရေး ကြည်းရေလေတပ်သည် ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ဟားမတ်စ်အဖွဲ့မှ တပ်မှူး တစ်ဝက်ခန့်သေဆုံးပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် တပ်မဟာမှူး ၆ ဦး၊ တပ်ရင်းမှူး ၂၀ နှင့် တပ်ခွဲမှူး ၁၅၀ ခန့် ပါဝင်ကြောင်း ဖော်ပြထားသည်။