ဘေကျင်း၌ ကျင်းပသော အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ပြန်တမ်းကို ထုတ်ပြန်ခဲ့ပါသည်။
ယခုအကြိမ် အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ဦးစီး ကျင်းပခြင်း ဖြစ်ပြီး ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့၏ တာဝန် အပ်နှင်းမှု အရ ဖော်ပြသည့် လုပ်ငန်းအစီရင်ခံစာကို ကြားနာ ဆွေးနွေးပြီး ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်ပြီး အစည်းအဝေးသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဒုတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီးနောက် ပါတီဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့၏ လုပ်ငန်းများ ကောင်းမွန်အောင်မြင်ကြောင်းကို အတည်ပြုခဲ့ပါသည်။
အစည်းအဝေးတွင် ခေတ်သစ်၌ ပြုပြင်ပြောင်းလဲရေးကို ဘက်စုံ ဇောက်ချ ပြုလုပ်ရေး အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ အောင်မြင်မှုများကို မြင့်မားစွာ ချီးကျူး အတည်ပြုခဲ့ပါသည်။
အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ် ရာ၌ မာ့က်စ်၊ လီနင်ဝါဒ၊ မော်စီတုံး၏ အတွေးအခေါ်၊ တိန့်ရှောင်ဖိန်၏ သဘောတရား၊ ကိုယ်စားပြု သုံးခု အတွေးအခေါ်၊ သိပ္ပံနည်းကျစွာ ဖွံ့ဖြိုးတိုးတက်ရေး အမြင်ကို စွဲကိုင်ရမည် ဖြစ်ပြီး ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း အလေးအနက် ဖော်ပြထားပါသည်။
အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေး၏ အထွေထွေ ရည်မှန်းချက်သည် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် စနစ်ကို ဆက်လက် ပိုမို ပြည့်စုံကောင်းမွန်စေရန်၊ နိုင်ငံတော် စီမံခန့်ခွဲရေး စည်းစနစ်နှင့် စီမံ ခန့်ခွဲရေးစွမ်းရည် ခေတ်မီရေးကို တွန်းအားပေးရန်တို့ ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။
အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ် ရာ၌ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း စတင်ခဲ့သည့်နောက်ပိုင်း၊ အထူးသဖြင့် ခေတ်သစ်တွင် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေးဆိုင်ရာ တန်ဖိုးရှိသည့် အတွေ့အကြုံများကို စုပေါင်းသုံးသပ် အသုံးပြုရမည် ဖြစ်ပြီး ပါတီ၏ ဘက်စုံ ဦးဆောင်ရေးကို စွဲကိုင်ခြင်း၊ ပြည်သူများကို ဗဟိုအဖြစ် ထားရှိရေးကို စွဲကိုင်ခြင်း၊ ဖြောင့်မတ်ရေးနှင့်ဆန်းသစ်တီထွင်ရေးကို စွဲကိုင်ခြင်း၊ စနစ် တည်ဆောက်မှုကို အဓိက အဖြစ်ထားရေးကို စွဲကိုင်ခြင်း၊ နိုင်ငံတော်ကို ဥပဒေနှင့်အညီ ဘက်စုံ စီမံခန့်ခွဲရေးကို စွဲကိုင်ခြင်း၊ စည်းစနစ်ဆိုင်ရာ အယူအဆများကို စွဲကိုင်ခြင်း စသည့် မူများကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် ပတ်သက်ပြီး အစီအမံများကို စနစ်တကျ ချမှတ်ထားပါသည်။
အစည်းအဝေးတွင် အရည်အချင်းမြင့် ဆိုရှယ်လစ် ဈေးကွက် စီးပွားရေး စနစ်သည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အရေးကြီးသည့် အာမခံချက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ဆိုရှယ်လစ် ခေတ်မီနိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရေးဆိုင်ရာ အရေးအကြီးဆုံးသော တာဝန် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် ပညာရေး၊ သိပ္ပံနည်းပညာ၊ လူရည်ချွန်များသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အခြေခံနှင့် မဟာဗျူဟာမြောက် ထောက်ပံ့ချက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် သိပ္ပံနည်းကျသော မက်ခရို စီမံထိန်းချုပ်ခြင်းနှင့် ထိရောက်သော အစိုးရ စီမံခန့်ခွဲခြင်းသည် ဆိုရှယ်လစ် ဈေးကွက် စီးပွားရေးစနစ်၏ အားသာချက်ကို ဖော်ဆောင်စေရန် အတွင်းပိုင်း လိုအပ်ချက်ပင် ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။
အစည်းအဝေးတွင် မြို့ပြနှင့် ကျေးလက်ဒေသများ ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်ခြင်းသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။
အစည်းအဝေးတွင် တံခါးဖွင့်ရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ ထင်ရှားသော အမှတ်အသားပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် ဖြစ်စဉ်တစ်ရပ်လုံးဖြစ်သည့် ပြည်သူ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ မူရင်း ရည်မှန်းချက်ပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် ဥပဒေ စိုးမိုးရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အရေးကြီး အာမခံချက် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် တရုတ်အသွင်ပုံစံ ခေတ်မီရေးသည် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု ပေါင်းစပ်ထားသော ခေတ်မီရေးပင် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစည်းအဝေးတွင် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်၌ ပြည်သူလူထုများ၏ နေထိုင်မှုဘဝ အာမခံပေးရေးနှင့် တိုးတက်ကောင်းမွန်စေရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အရေးကြီး လုပ်ငန်းတာဝန် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစည်းအဝေးတွင် နိုင်ငံတော် လုံခြုံရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသည့် အခြေခံပင် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
အစည်းအဝေးတွင် ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီရေးသည် တရုတ်အသွင်ပုံစံ ခေတ်မီရေး၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အစည်းအဝေးတွင် ပါတီ၏ ခေါင်းဆောင်မှုသည် ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးရေးဆိုင်ရာ အရင်းခံ အာမခံချက်ပင် ဖြစ်ကြောင်း အလေးထား ဖော်ပြခဲ့ပါသည်။
ပါတီတစ်ရပ်လုံး၊ တပ်မတော် တစ်ရပ်လုံး၊ တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံ ပြည်သူများသည် ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ် ထားသည့် ပါတီဗဟိုကော်မတီနှင့် ပိုမို စည်းလုံးညီညွတ်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အလံကို ကိုင်ဆောင်ထားကာ ဆိုရှယ်လစ် ခေတ်မီရေး အင်အားတောင့်တင်းသော နိုင်ငံ ဖြစ်အောင် ဘက်စုံ တည်ဆောက်ရန်၊ ဒုတိယ နှစ် ၁၀၀ ရည်မှန်းချက်ကို ဖော်ဆောင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် တရုတ်အမျိုးသား၏ မွန်မြတ်သော ရှင်သန်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း လှုံ့ဆော်ထားပါသည်။