ဇူလိုင်လ ၁၆ ရက်နေ့ညနေပိုင်းတွင် မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Guanajuato ပြည်နယ် Yuriria မြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့ပါသည်။ ဒေသခံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော ပဏာမစုံစမ်းစစ်ဆေးမှု အချက်အလက်များအရ သေဆုံးသူအားလုံးသည် မိသားစုတစ်စုတည်းမှဖြစ်ပြီး ယင်းဒေသရှိ စိုက်ပျိုးခြံတစ်ခုသို့ ပြန်ပေးဆွဲခံရပြီးနောက် ပစ်သတ်ခံခဲ့ရကြောင်း သိရပါသည်။ ရာဇဝတ်သားကို အတည်ပြုနိုင် ရန် ဒေသခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
မက္ကဆီကို အလယ်ပိုင်းတွင် ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး
(GMT+08:00)2024-07-18 14:38:32