အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် "ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်"ကို စိစစ် အတည်ပြု

(GMT+08:00)2024-07-18 17:15:41  

အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဘေကျင်း၌ ကျင်းပခဲ့ပါသည်။

ယခုအကြိမ် အစည်းအဝေးကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ဦးစီး ကျင်းပခြင်း ဖြစ်ပြီး ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။

   အစည်းအဝေးတွင် ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့၏ တာဝန် အပ်နှင်းမှု အရ ဖော်ပြသည့် လုပ်ငန်းအစီရင်ခံစာကို ကြားနာ ဆွေးနွေးပြီး ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို စိစစ် အတည်ပြုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်ပြီး အစည်းအဝေးသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။