တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် ဆွေးနွေးခြင်းနည်းလမ်းဖြင့် ပင်လယ်ဆိုင်ရာပြဿနာကို သင့်လျော်စွာဖြေရှင်းရန် အမြဲတမ်းကြိုးပမ်းအားထုတ်မည်ဟု တရုတ် ဆို

(GMT+08:00)2024-07-18 14:41:01  

ဇူလိုင်လ ၁၇ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ်နိုင်ငံသည် ဖိလစ်ပိုင် နိုင်ငံနှင့် ဆွေးနွေးခြင်းနည်းလမ်းဖြင့် ပင်လယ်ဆိုင်ရာပြဿနာကို သင့်လျော်စွာဖြေရှင်းရန် အမြဲတမ်းကြိုးပမ်းအားထုတ်မည်ဟု ပြောကြားခဲ့ပါသည်။

လင်ကျန့်က ယခုလ လဆန်းပိုင်းက ကျင်းပခဲ့သော တရုတ်-ဖိလစ်ပိုင် တောင်ပင်လယ် ပြဿနာဆိုင်ရာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးခြင်းစနစ်၏ နဝမအကြိမ်မြောက်အစည်းအဝေးတွင် နှစ်ဖက်တို့သည် ပင်လယ်ဆိုင်ရာ နှစ်နိုင်ငံကူးလူးဖလှယ်ရေးစနစ် ကောင်းမွန်ပြည့်စုံစေရေး နှင့် ပတ်သက်၍ ကူးလူးဖလှယ်ခဲ့ကြကြောင်း၊ ပင်လယ်အခြေအနေ တည်ငြိမ်ရေးနှင့် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးအခြေအနေကို ပူးတွဲထိန်းသိမ်းစောင့်ရှောက်ရန်အတွက် နှစ်နိုင်ငံတို့သည် နိုင်ငံခြားရေး၊ ကမ်းခြေစောင့်တပ်အကြား ပင်လယ်ဆိုင်ရာ ကူးလူးဖလှယ်ရေးနှင့် ဆွေးနွေးခြင်းကို တစ်ဆင့်တိုးအားဖြည့်ဆောင်ရွက်မည်ဟု သဘောတူကြကြောင်း ပြောကြားခဲ့ပါသည်။