"ရှီကျင့်ဖိန်၏ ဆောင်းပါးများ ကောက်နုတ်ချက်" အတွဲ-၁၊ အတွဲ-၂ နှင့် "ရှီကျင့်ဖိန်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး ဆိုင်ရာ ထုတ်ဖော်ပြောကြားချက်များ ကောက်နုတ်ချက်" (ရှုပ်ထွေးလှသောရိုးရာစာလုံး ဗားရှင်း) စာအုပ်များကို ၂၀၂၄ ဟောင်ကောင် စာအုပ်ပြပွဲတွင် ဖြန့်ချိထုတ်ဝေ

(GMT+08:00)2024-07-18 14:37:03  

 "ရှီကျင့်ဖိန်၏ ဆောင်းပါးများ ကောက်နုတ်ချက်" အတွဲ-၁၊ အတွဲ-၂  နှင့် "ရှီကျင့်ဖိန်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး ဆိုင်ရာ ထုတ်ဖော်ပြောကြားချက်များ ကောက်နုတ်ချက်" တို့၏ (ရှုပ်ထွေးလှသောရိုးရာစာလုံး ဗားရှင်း)စာအုပ်များကို မကြာမီက ဖြန့်ချိ ထုတ်ဝေခဲ့သည်။ ၂၀၂၄ ခုနှစ် ဟောင်ကောင် စာအုပ်ပြပွဲ၏ ပထမနေ့ ဖြစ်သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် စာအုပ် ဖြန့်ချိထုတ်ဝေရေး အခမ်းအနားနှင့် ဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။

   "ရှီကျင့်ဖိန်၏ ဆောင်းပါးများ ကောက်နုတ်ချက်" အတွဲ-၁၊ အတွဲ-၂ စာအုပ်တွင် ရဲဘော် ရှီကျင့်ဖိန် ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက ပြည်သူများကို ဦးဆောင်ပြီး တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ခေတ်သစ်ကို ဖွင့်လှစ် တည်ထောင်ခဲ့ပြီး အောင်မြင်မှုသစ်များ အဆက်မပြတ် ရရှိနိုင်ခဲ့သည့် သမိုင်း ဖြစ်စဉ်ကို မှတ်တမ်းတင် ရေးသားထားကာ ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်ကို ဘက်စုံ စနစ်တကျ ဖော်ပြထားပါသည်။

  "ရှီကျင့်ဖိန်၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး ဆိုင်ရာ ထုတ်ဖော်ပြောကြားချက်များ ကောက်နုတ်ချက်" (ရှုပ်ထွေးလှသောရိုးရာစာလုံး ဗားရှင်း) စာအုပ်သည် တရုတ်အသွင်ပုံစံ ခေတ်မီရေးတွင် တရုတ်ထူးခြားချက်ဝိသေသ၊ မူရင်းရည်မှန်းချက်များနှင့် အရေးကြီးသည့် မူရပ်တည်ချက်များ စသည့် နယ်ပယ်များတွင် ရှီကျင့်ဖိန်၏ နက်ရှိုင်းသော ရှင်းလင်း ပြောကြားချက်များကို ဖော်ပြထားပါသည်။

 ရှုပ်ထွေးလှသောရိုးရာစာလုံး ဗားရှင်းဖြင့် ဖြန့်ချိထုတ်ဝေသော အထက်ပါစာအုပ်များသည် ဟောင်ကောင်နှင့် မကာအိုဒေသမှ စာဖတ်သူများက ရှီကျင့်ဖိန်၏ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် အတွေးအခေါ်နှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးဆိုင်ရာ သဘောတရားနှင့် အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အကြောင်းအရာများကို လေးနက်စွာ နားလည်သိရှိစေရန်အတွက် အထောက်အကူ ပြုနိုင်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။