တရုတ်-ရုရှား "ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်ရေး -၂၀၂၄" ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးမြောက်

(GMT+08:00)2024-07-18 14:40:37  

တရုတ်-ရုရှား " ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်ရေး -၂၀၂၄" ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၁၇ ရက်နေ့က ပြုလုပ်ပြီးစီးခဲ့ပါသည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်  ပင်လယ်ပြင် လုံခြုံရေး ခြိမ်းခြောက်မှုများကို ပူးတွဲတုံ့ပြန်ရင်ဆိုင်ရေး ဟူသော ဆောင်ပုဒ်ဖြင့်လုပ်ဆောင်ခဲ့ပြီး နှစ်ဖက်စလုံးမှ လေ့ကျင့်မှုတွင် ပါဝင်ရန် စုစုပေါင်း သင်္ဘော ၇ စင်းအား စေလွှတ်ခဲ့ကြပါသည်။ ယခုအကြိမ် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရုတ်နှင့်ရုရှား ရေတပ်များကြား ပရော်ဖက်ရှင်နယ် ကူးလူးဖလှယ်မှု၊ သိရှိနားလည်မှုနှင့်အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေပြီး နှစ်ဖက်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၏ စံနှုန်းမီခြင်းနှင့် စနစ်တကျရှိခြင်းဖြင့် အဆင့်မြင့်မားစွာ လည်ပတ်မှုကို မြှင့်တင်ပေးခဲ့ပါသည်။