တရုတ်ပြည်တွင်းထုတ် အကြီးစားကုန်းရေနှစ်သွယ် လေယာဉ် AG600 သည် အပူရှိန်မြင့် နှင့် စိုထိုင်းဆမြင့် စမ်းသပ်မှုများကို ပြီးမြောက်

(GMT+08:00)2024-07-18 14:39:01  

ယခုလ ၁၆ ရက်နေ့က တရုတ်ပြည်တွင်းသုတေသနပြုပြီး ထုတ်လုပ်ထားသည့် အကြီးစား ကုန်းရေနှစ်သွယ်လေယာဉ် AG600 သည် အပူရှိန်မြင့် နှင့် စိုထိုင်းဆမြင့် စမ်းသပ်မှုများကို  ပြီးမြောက်ခဲ့ပါသည်။ ယခုအကြိမ် စမ်းသပ်မှုကို ကျန်းရှီးပြည်နယ် နန်ချမ်းမြို့တွင် ပြုလုပ်ပြီး "လေယာဉ်က နေပူကျဲကျဲအောက်တွင် နေပူခံခြင်း" နှင့် "စနစ်များစမ်းသပ်ခြင်း" အဆင့်နှစ်ဆင့် ခွဲထားပါသည်။ လက်ရှိအချိန်တွင် AG600  ၄ စင်းသည် မတူသော နေရာများတွင် စမ်းသပ်ပျံသန်းမှုများ တစ်ချိန်တည်း ပြုလုပ်နေကြသည်ဟု သတင်းအရသိရပါသည်။