“နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း”ကို အကောင်အထည်ဖော်ခြင်းမှာ အရှေ့အလယ်ပိုင်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်ဟု တရုတ် ကိုယ်စားလှယ် ဆို

(GMT+08:00)2024-07-18 14:40:16  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် Fu Cong သည် ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပါလက်စတိုင်း-အစ္စရေးပြဿနာ ဆိုင်ရာတံခါးဖွင့် အချေအတင် ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားရာ၌ “နှစ်နိုင်ငံဖြေရှင်းရေး နည်းလမ်း”ကို အကောင်အထည်ဖော်ခြင်းမှာ အရှေ့အလယ်ပိုင်းပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    Fu Cong က လွန်ခဲ့သည့်ဆယ်စုနှစ်များတွင် ပါလက်စတိုင်း-အစ္စရေးအခြေအနေ ကြိမ်ဖန်များစွာ မတည်မငြိမ် ဖြစ်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ “နှစ်နိုင်ငံဖြေရှင်းရေး နည်းလမ်း”ကိုအကောင်အထည်မဖော်နိုင်ခြင်းနှင့် ပါလက်စတိုင်းပြည်သူများ ပါလက်စတိုင်း နိုင်ငံကို ဖွဲ့စည်းတည်ထောင်ရန် အမျိုးသားအခွင့်အရေးကို အာမခံချက်မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ စစ်ပြီးကာလတွင် ဂါဇာဒေသ၏ စီမံခန့်ခွဲရေးနှင့် ပတ်သက်သော ဆွေးနွေးမှု များသည် နိုင်ငံရေးကိုင်တွယ်ဖြေရှင်းရေးနည်းလမ်း ရရှိရန် အခြေခံရမည် ဖြစ်ပြီး ပါလက်စတိုင်းပြည်သူများ၏ ဆန္ဒကို လေးစားရမည် ဖြစ်ကာ ဒေသတွင်းနိုင်ငံများ၏ တရားမျှတသော ဂရုစိုက်မှုများကို ထောက်ထားရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းအား ပါလက်စတိုင်းနိုင်ငံကို ဖွဲ့စည်းတည်ထောင်ရန်၊ ပါလက်စတိုင်း ပြည်သူများမှ ပါလက်စတိုင်းနိုင်ငံကို စီမံအုပ်ချုပ်ရန် ပြတ်ပြတ်သားသား ထောက်ခံပြီး အတိုင်းအတာပိုမိုများပြားသော၊ သြဇာအာဏာ ပိုရှိနိုင်သော၊ ပိုမိုထိရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပကာ “နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်း”ကို အကောင်အထည် ဖော်ရန် အသေးစိတ်အချိန်ဇယားနှင့် လမ်းပြမြေပုံကို ရေးဆွဲချမှတ်ရန် ပန်ကြားလိုက် ကြောင်း ပြောကြားခဲ့ပါသည်။