ယခုလ ၁၇ရက်နေ့က ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့သည် တရုတ် ကုန်သွယ်ရေး မူဝါဒ အပေါ် နဝမအကြိမ် စိစစ်မှု ပြုလုပ်ရန် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာတွင် အစည်းအဝေး စတင် ကျင်းပခဲ့ပါသည်။ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး လီဖေးသည် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး အစည်းအဝေးသို့ တက်ရောက်ပါသည်။ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် လီချင်ကန်လည်း တက်ရောက်ပါသည်။
လီဖေးက မိန့်ခွန်းပြောကြားရာတွင် တရုတ် နိုင်ငံသည် စစ်မှန်သော ဘက်ပေါင်းစုံ ဝါဒကို တက်ကြွစွာ ဖော်ဆောင်ကျင့်သုံးပြီး ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ဆက်တိုက် ပါဝင်ဆောင်ရွက်ကာ စူပါကြီးမားသော ဈေးကွက်ဖြင့် ကမ္ဘာ အတွက် ပိုမိုများပြားသည့် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးနေကြောင်း ပြောကြား သည်။
ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ဝင်များမှ ကိုယ်စားလှယ်များက အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားရာ၌ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးနှင့် ဘက်ပေါင်းစုံ ကုန်သွယ်ရေး စနစ်ကို ထိန်းသိမ်းကာကွယ်ရေး စသည့် နယ်ပယ်များတွင် တရုတ် နိုင်ငံ၏ အပြုသဘောဆောင်သော အကျိုးပြုစွမ်းဆောင်မှုများကို လွန်စွာ ချီးကျူးခဲ့ကြပါသည်။