ဂါဇာဒေသရှိ တန်ချိန် သန်းပေါင်း ၄၀ ခန့်ရှိသော အပျက်အစီးကို ရှင်းလင်းရန် ၁၅ နှစ် အချိန်လိုအပ်ဟု ကုလအေဂျင်စီ ဆို

(GMT+08:00)2024-07-17 11:21:25  

ဂါဇာဒေသရှိ တန်ချိန် သန်းပေါင်း ၄၀ ခန့်ရှိသော အပျက်အစီးကို ရှင်းလင်းရန် ၁၅ နှစ် အချိန်လိုအပ်ကြောင်း UNRWA က UNEPမှ ခန့်မှန်း ချက်ကို ကိုးကား၍ ဇူလိုင်လ ၁၅ ရက်နေ့က ဖော်ပြခဲ့သည်ဟု Al Jazeera မှ သတင်းအရ သိရပါသည်။ အဆိုပါလုပ်ငန်းအတွက် ထရပ်ကားအစီးရေ ၁၀၀ ကျော် လိုအပ်ပြီး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀၀ ကျော် လိုအပ်ကြောင်း ခန့်မှန်းထားသည်။

အပျက်အစီးများအောက်တွင်လည်း မပေါက်ကွဲသေးသော ခဲယမ်းမီးကျောက်များနှင့် အန္တရာယ်ရှိသော ပစ္စည်းများ ကျန်ရစ်နိုင်သောကြောင့် ဂါဇာဒေသရှိ ပြည်သူများကို အသက်အန္တရာယ် ရှိစေသော ခြိမ်းခြောက်မှုများ ဖြစ်စေနိုင်ကြောင်း UNRWA တွင်  ဖော်ပြထားသည်။