ထရန့် အပေါ် အထမမြောက်သော လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်သည့် စွပ်စွဲချက်ကို အီရန် ငြင်းဆို

(GMT+08:00)2024-07-17 17:16:52  

ဒေသ စံတော်ချိန် ယခုလ ၁၆ရက်နေ့က ကုလသမဂ္ဂ ဆိုင်ရာ အီရန် အမြဲတမ်း ကိုယ်စားလှယ်က အမေရိကန် သမ္မတဟောင်း ထရန့် အပေါ် အထ မမြောက်သော လုပ်ကြံ သတ်ဖြတ်မှုနှင့် ပတ်သက်သည် ဟူသော စွပ်စွဲချက်သည် အထောက်အထား လုံးဝ မရှိဘဲ တစ် ဖက်သတ် တစ်ယူသန် အမြင် ရှိကြောင်း ပြောကြားခဲ့ပါသည်။

 ဇူလိုင်လ ၁၇ရက်နေ့က အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကာနာနီသည်လည်း မိန့်ခွန်းပြောကြားရာတွင် အီရန်က ၄င်းအရေးအခင်းနှင့် ပတ်သက် သည့် စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါသည်။ ၄င်းက အီရန်သည် ထရန့်ကို တရားစွဲဆိုမည် ဖြစ် ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထရန့်သည် အီရန် တော်လှန်ရေး အစောင့်တပ် လက် အောက်ရှိ The quds force တပ်မှူး Qasem Soleimaniကို လုပ်ကြံသတ်ဖြတ်မှုတွင် တိုက်ရိုက်ပါဝင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။