
ဇူလိုင်လ ၁၆ ရက်နေ့က CMG မှ အနီရောင် ထုတ်လွှင့်ရေးယာဉ်များသည် ပါရီမြို့ရှိ Stade de France သို့ ရောက်ရှိခဲ့သည်။ ယင်း ထုတ်လွှင့်ရေး ယာဉ်များသည် ၎င်းနေရာ၌ ပြေးခုန်ပစ် ပြိုင်ပွဲများနှင့် ပါရီအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားအတွက် 8K အချက်အလက်များ ထုတ်လွှင့် မည့် တာဝန်ကို ထမ်းဆောင်မည်ဖြစ်သည်။ ယင်းသည် နွေရာသီ အိုလံပစ် ပွဲတော် သမိုင်း တစ်လျှောက် တွင် ပထမဆုံးအကြိမ် 8K UHD အချက်အလက်များကို ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။








