နေတိုးအဖွဲ့နှင့် အချို့သောနိုင်ငံများအား ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးသုံးသပ်ရန် တိုက်တွန်းသည်ဟု တရုတ်ဆို

(GMT+08:00)2024-07-17 11:19:39  

 ဒေသစံတော်ချိန် ဇူလိုင်လ ၁၆ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုင်ငံတကာ စည်းစနစ်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် ဖူချုံးက မျက်မှောက်အချိန်တွင် နိုင်ငံတကာ နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှု၊ နိုင်ငံတကာ စီးပွားရေး Anti globalization ဖြစ်မှု၊ နိုင်ငံတကာ စီမံခန့်ခွဲရေး fragmentation ဖြစ်မှုများ တစ်နေ့ထက်တစ်နေ့ ပြင်းထန်လာပြီး လူသားများသည် မည်သို့ သွားရမည်နည်း ဟူသော သမိုင်းဝင် ရွေးချယ်မှုကို နောက်ထပ်တစ်ကြိမ် ရင်ဆိုင်နေရကြောင်း၊ နေတိုးအဖွဲ့နှင့် အချို့သောနိုင်ငံများအား ကိုယ့်ကိုယ်ကို ပြန်လည် စစ်ဆေးသုံးသပ်ပြီး ကိုယ့်ကိုယ်ကိုလည်း ထိပါး သူများကိုလည်း ထိပါးသော၊ ဘုံလုံခြုံမှုကို ဖျက်ဆီးသော ဒုက္ခများ ပြုလုပ်သူ အဖြစ် ဆက်ပြီး မပြုလုပ်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။