IMFအဖွဲ့သည် တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် စီးပွားရေး ခန့်မှန်းခြေတိုးနှုန်းကို ၅ ရာခိုင်နှုန်းသို့ မြှင့်တင်

(GMT+08:00)2024-07-17 13:14:36  

IMFအဖွဲ့မှ ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာ အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၅ ရာခိုင်နှုန်း တိုးတက်မည်ဖြစ်ပြီး ယခုနှစ် ဧပြီလက ဖော်ပြထားသော ခန့်မှန်းခြေတိုးနှုန်းထက် ဝ.၄ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကြောင်း၊ ထို့အပြင် ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၃.၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။ IMFအဖွဲ့မှ ထိပ်တန်း စီးပွားရေးပညာရှင် Pierre-Olivier Goulincha က တရုတ်နိုင်ငံကဲ့သို့ ထွန်းသစ်စ အာရှစီးပွားရေးအုပ်စုများသည် ကမ္ဘာ့စီးပွားရေး၏ အဓိကအင်ဂျင်များ ဖြစ်မြဲ ဖြစ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။