အိန္ဒိယနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ရဲအရာရှိသည် 100 –decibel အချက်ပေးသံ ထွက်နိုင်သည့် အချက်ပေး ဓာတ်မီးကို အသုံးပြု

(GMT+08:00)2024-07-17 13:16:18  

ဇူလိုင်လ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းတွင် အိန္ဒိယ၏ ပထမဆုံး အမျိုးသမီး ဖက်ဒရယ်ရဲအရာရှိ Kiran Bedi သည် Everready ကုမ္ပဏီမှ ထုတ်လုပ်သော Siren Torch ဓာတ်မီးကို အသုံးပြုခဲ့သည်။ အသုံးပြုသူသည် ဓာတ်မီးပေါ်ရှိ သော့ချိတ်ကို ဆွဲယူလိုက်သောအခါ အချက်ပေး ဓာတ်မီးသည် ၁၀၀ –decibel လုံခြုံရေး အချက်ပေးသံ ကျယ်လောင်စွာ ထွက်လာပါမည်။ ဤအချက်ပေးဓာတ်မီးကို အမျိုးသမီးများ၏နေ့စဉ်ဘဝများ ဘေးကင်းစေရန်အတွက် ထုတ်လုပ်ခြင်း ဖြစ်သည်။