ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုတွင် ဗီယက်နမ်လူမျိုး ခြောက်ဦး သေဆုံးခဲ့ပြီး သေဆုံးရသည့် အကြောင်းရင်းကို မသိရသေးပေ

(GMT+08:00)2024-07-17 13:17:08  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီး ဟိုတယ်တစ်ခုတွင် လူခြောက်ဦး သေဆုံးနေသည်ကို ဒေသစံတော်ချိန် ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ရှိခဲ့သည်။ သေဆုံးသူများတွင် ဗီယက်နမ် နိုင်ငံသား လေးဦးနှင့် ဗီယက်နမ်အနွယ်ဖွား  အမေရိကန်နိုင်ငံသား ၂ ဦးတို့ ပါဝင်သည်။

သေဆုံးသူ ခြောက်ဦးသည် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာ၌ တိုက်ခိုက်မှု ဖြစ်ပွားသည့် လက္ခဏာများ မတွေ့ရဘဲ အခန်းအတွင်းမှ သော့ခတ်ထားကာ အခန်းထဲတွင် လက်ဖက်ရည် သို့မဟုတ် ကော်ဖီ ကျန်ရှိနေသော ပစ္စည်းများကို စစ်ဆေးရန် ပေးပို့ထားကြောင်း၊ ပဏာမ ထင်မြင်ချက်အရ လူသတ်မှုဖြစ်ကြောင်း ထိုင်းရဲများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ သို့သော် သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က သေဆုံးရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မထုတ်ပြန်ခဲ့ပေ။