ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် စီးပွားရေး ချီးကျူးဖွယ်ကောင်းသော အောင်မြင်မှု ရရှိ

(GMT+08:00)2024-07-17 17:15:55  

ယခုလ ၁၆ရက်နေ့က ကျင်းပခဲ့သော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် စီးပွားရေးသည် ချီးကျူးဖွယ်ကောင်းသော အောင်မြင်မှု ရရှိခဲ့ပြီး ကမ္ဘာ့ စီးပွားရေး မတည်မငြိမ်ဖြစ်မှုနှင့် မရေမရာဖြစ်မှု တိုးပွားလာနေသည့် အခြေအနေမျိုးတွင် တည်ငြိမ်စေ ရေးနှင့် တွန်းအားပေးရေး ဖြစ်သည့် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့သည် အနာဂတ် တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ပြောကြားခဲ့ပါသည်။