ဒေသဆိုင်ရာ ပဋိပက္ခများကြောင့် ၂၀၂၃ ခုနှစ်တွင် ကလေးသူငယ် ကာကွယ်ဆေးထိုးနှံမှု "နှောင့်နှေး" သဖြင့် ဝက်သက်ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်

(GMT+08:00)2024-07-16 11:48:13  

ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူနီဆက်ဖ်တို့မှ ပူးပေါင်းထုတ်ပြန်သည့် အချက်အလက်များအရ ဒေသဆိုင်ရာ ပဋိပက္ခများပြင်းထန်လာမှု ကြောင့် ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံးမှ ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံမှု " နှောင့်နှေး " လာပြီး၊ COVID-19 မဖြစ်ပွားခဲ့သည့် ၂၀၁၉ ခုနှစ် ကထက် ကာကွယ်ဆေး မထိုးရသေး သို့မဟုတ် အပြည့်အဝ ကာကွယ်ဆေးမထိုးရသေးသော ကလေးငယ်  ဦးရေ ၂ သန်း ၇ သိန်း တိုးများလာခဲ့သည်ဟု သိရပါသည်။ ယင်း အခြေအနေကြောင့် ကလေး ငယ်များတွင် ဝက်သက်ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်ဖွယ်ရာရှိကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းများက သတိပေးပြောကြား ခဲ့သည်ဟု  သတင်းအရ သိရပါသည်။