မကြာခင်ရက်များက စီချွမ်းပြည်နယ် ဇီယန်မြို့ အန်ယွယ်ခရိုင်၌ မိုးသည်းထန်စွာရွာသွန်းမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် မြစ်များတွင် ရေမှတ် မြင့်တက်လာခဲ့သည်။ ဇူလိုင်လ ၁၅ ရက်နေ့က စန်လုံရေကန်တွင် ရေများ တမံအထက်သို့ လျှံတက်နေပြီး မီတာ ၂၀ ကျော် အမြင့်မှ စီးဆင်းကျလာကာ အနီရောင်ရေတံခွန်တစ်ခု ဖြစ်လာပါသည်။












