အီရန်နိုင်ငံ အရွေးခံသမ္မတ Pezeshkian က အီရန်သည် တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေးကို အလွန်တန်ဖိုးထားပြီး မိမိ ဦးဆောင်သော အီရန်အစိုးရသစ်သည် တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း မကြာခင်က ပြောကြား ခဲ့သည် ဟု သတင်းအရသိရပါသည်။
Pezeshkian သည် ယခုလ ၁၂ ရက်နေ့ထုတ် "Tehran Times" တွင် ဆောင်းပါး ထုတ်ပြန်ပြီး၊ ၎င်း၏ နိုင်ငံခြားရေးမူဝါဒများကို ဘက်စုံရှင်းလင်းဖော်ပြခဲ့ပါသည်။ Pezeshkian က အီရန်-တရုတ် ၂၅ နှစ်တာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းသည် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေးတွင် အရေးကြီး သော မှတ်တိုင်ဖြစ်ပြီး အီရန်သည် တရုတ်နိုင်ငံနှင့် ပိုမိုကျယ်ပြန့်စွာ ပူးပေါင်း ဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း ဖော်ပြခဲ့ပါသည်။