အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးသည် တရုတ်နှင့် ကမ္ဘာကြီးအတွက် ပိုမို များပြားသော တည်ငြိမ်ဖွယ်ရာတွေ ထည့်သွင်းပေးမည်

(GMT+08:00)2024-07-16 17:23:05  

  အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း၌ စတင် ကျင်းပခဲ့သည်။ ယခုအကြိမ် အစည်းအဝေးကို လေးရက်ကြာ ကျင်းပမည် ဖြစ်သည်။ အစည်းအဝေးတွင် ၂၀၃၅ ခုနှစ် ရောက်သည့်အခါ အဆင့်အတန်း မြင့်မားသော ဆိုရှယ်လစ် ဈေးကွက် စီးပွားရေးစနစ်ကို ဘက်စုံ တည်ဆောက်ရေးအတွက် စီမံချက်များကို ချမှတ်ရန်၊ ယခု ရာစုနှစ် အလယ်ပိုင်းတွင် အင်အားတောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ရေးအတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ် ချပေးရန် ရည်မှန်းထားပါသည်။

   အစီအစဉ်အရ ယခုအကြိမ် အစည်းအဝေးတွင် ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေး တိုးမြှင့်ရေးတို့ကို အဓိကထား လေ့လာဆွေးနွေးမည် ဖြစ်ပြီး "ပြုပြင်ပြောင်းလဲမှုကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်" စာတမ်းကို စိစစ် ဆွေးနွေးမည် ဖြစ်ပါသည်။ ယင်းစာတမ်းသည် ပြုပြင်ပြောင်းလဲမှု တစ်ဆင့်တိုး ဘက်စုံ ဇောက်ချ ပြုလုပ်ရေးနှင့် တရုတ်အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးရေးဆိုင်ရာ သိပ္ပံနည်းကျသော အစီအမံ ဖြစ်ရုံသာမက၊ တရုတ် ဖွံ့ဖြိုးတိုးတက်မှု၏ အဆင့်မြင့် တည်ငြိမ်မှုနှင့် အစဉ်တစိုက် ဖြစ်မှုကို အာမခံ ပေးသည့် လုပ်ငန်းစဉ်စာတမ်းလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အင်ဂျင်၊ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း၏ ကျောရိုးမဏ္ဍိုင်၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်၏ တည်ငြိမ်ရာနှင့် နိုင်ငံတကာ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်သူ ဖြစ်သည်။ ယခုအကြိမ် အစည်းအဝေး အောင်မြင်စွာ ကျင်းပခြင်းသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုများပြားသော တည်ငြိမ် မှုများကို ထည့်သွင်းပေးသွားမည် ဖြစ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။