တရုတ် ကယ်ဆယ်ရေးစနစ်မှ ရဟတ်ယာဉ်သစ်သည် ကယ်ဆယ်ရေးမစ်ရှင်ကို ပထမဆုံးအကြိမ် လုပ်ဆောင်

(GMT+08:00)2024-07-16 11:50:13  

ဇူလိုင်လ ၁၅ ရက်နေ့ မနက်အစောပိုင်းက တရုတ် ပို့ဆောင်ရေး ဝန်ကြီးဌာန အရှေ့ပင်လယ် ကယ်ဆယ်ရေးဌာနသည် ရှန်ဟိုင်း ပင်လယ်ပြင် ရှာဖွေ ကယ်ဆယ်ရေး စင်တာမှ အန္တရာယ်ဆိုင်ရာ အချက်အလက်များ ရရှိခဲ့ပါသည်။ ယန်ဇီမြစ်ဝ အရှေ့ဘက် ရေမိုင် ၃၀ ခန့်အကွာ ပင်လယ်ပြင်ရှိ နိုင်ငံခြား အင်ဂျင်နီယာ သင်္ဘော တစ်စင်း ပေါ်တွင် နိုင်ငံခြား သင်္ဘောသားတစ်ဦး ရုတ်တရက် နှလုံးရောဂါဖြစ်ခဲ့ပြီး အရေးပေါ် ကူညီ မှု လိုအပ်ကြောင်း သိရပါသည်။ ယခုနှစ် ဇွန်လ လကုန်ပိုင်းက တရုတ် အရှေ့ပင်လယ် အမှတ် ၁ ကယ်ဆယ်ရေး လေယာဉ်အဖွဲ့တွင် ပါဝင်လာခဲ့သည့် AW189 ကယ်ဆယ်ရေး ရဟတ်ယာဉ်သည် ကယ်ဆယ်ရေး မစ်ရှင် ဆောင်ရွက်ရန် ထွက်ခွာသွားပြီး ရောဂါသည် သင်္ဘောသားကို ဆေး ကုသရန် ရှန်ဟိုင်းသို့ ပို့ဆောင်ခဲ့သည်။ ယင်းသည် တရုတ် ကယ်ဆယ်ရေးစနစ်တွင် ပါဝင်လာပြီးနောက် AW189 ကယ်ဆယ်ရေး ရဟတ်ယာဉ်၏ ပထမဆုံးအကြိမ် ကယ်ဆယ်ရေး မစ်ရှင်လည်း ဖြစ်သည်။ ယခင်က တရုတ် ရေကြောင်း ကယ်ဆယ်ရေး ကျွမ်းကျင်သူများအဖွဲ့မှ အသုံးပြုကြသော အလတ်စား ကယ်ဆယ်ရေး ရဟတ်ယာဉ်များနှင့် နှိုင်းယှဉ်ပါက AW189 ကယ်ဆယ်ရေး ရဟတ်ယာဉ်၏ ခရီးသည်တင် စွမ်းရည်သည် ၁၀၀ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာပြီး ထမ်းစင် ၆ ခုကို တစ်ပြိုင်နက် သယ်ဆောင်နိုင်ကာ ၎င်း၏ ရှာဖွေကယ်ဆယ်ရေး ပျံသန်းမှု အချင်းဝက်သည် ရေမိုင် ၂၀၀ အထိ ရောက်ရှိနိုင်သဖြင့် ပိုမို ရှည်လျားသော အကွာအဝေးနှင့် လူများစွာ ဒုက္ခရောက်နေသော အခြေအနေမျိုးတွင် ပိုမို အကျိုးသက်ရောက်စွာ ကယ်ဆယ်ရေး များ လုပ်ဆောင်နိုင်ကြောင်း သတင်းအရ သိရပါသည်။