ရီပတ်ပလစ်ကန်ပါတီသည် ဒေါ်နယ်ထရမ့် အား သမ္မတလောင်းအဖြစ် တရားဝင် အမည် စာရင်း တင်သွင်း

(GMT+08:00)2024-07-16 12:58:47  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၅ ရက်နေ့က ၂၀၂၄ခုနှစ် အမေရိကန် ရီပတ်ပလစ်ကန် ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံကို အမေရိကန်နိုင်ငံ Wisconsin ပြည်နယ် Milwaukee မြို့တွင် စတင်ကျင်းပခဲ့ပါသည်။
    ပြည်နယ်အသီးသီးရှိ ပဏာမရွေးကောက်ပွဲများ၌ ထောက်ခံမဲအလုံအလောက်ရရှိ ခဲ့သော အမေရိကန်နိုင်ငံသမ္မတဟောင်း ဒေါ်နယ်ထရမ့် သည် အမည်စာရင်းတင်သွင်း ခြင်းကို တရားဝင်လက်ခံပြီး ရီပတ်ပလစ်ကန်ပါတီ၏ အရွေးခံရန် သမ္မတလောင်း ဖြစ်လာခဲ့ပါသည်။ အိုဟိုင်းယိုးပြည်နယ် ပြည်ထောင်စုအထက်လွှတ်တော်အမတ် J.D. Vance သည် ၎င်း၏ အရွေးခံရန် ဒုတိယ သမ္မတလောင်း အဖြစ် ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါသည်။ အမေရိကန် ရီပတ်ပလစ်ကန်ပါတီ ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံတွင် J.D. Vance အား ရီပတ်ပလစ်ကန်ပါတီ၏ အရွေးခံရန် ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် တရားဝင် အတည်ပြုခဲ့ပါသည်။