ကန်၏ ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ၏ ထောက်ပံ့ကြေးပေးရေးဆောင်ရွက်ချက်များအပေါ် စွဲချက်တင်မှုနှင့် ပတ်သက်ပြီး တရုတ်ကုန်သွယ်ရေးဝန်ကြီး ဌာန တုံ့ပြန် ပြောကြား

(GMT+08:00)2024-07-16 12:59:17  

ဇူလိုင်လ ၁၅ ရက်နေ့က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ သည် သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ စွမ်းအင်များ အစိမ်းရောင်အသွင်ပုံစံ ကူးပြောင်းရေးနှင့် ရာသီဉတုပြောင်းလဲမှုရင်ဆိုင်ရေးအတွက် အရေးပါသော အကျိုးပြု စွမ်းဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် မတ်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေပါ စွမ်းအင်သစ်သုံး မော်တော်ကားအပေါ် ထောက်ပံ့ကြေးပေးရေးဆိုင်ရာ ဆောင်ရွက်ချက် များနှင့်ပတ်သက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အငြင်းပွားမှုဖြေရှင်းရေးစနစ်ထံသို့ စွဲချက်တင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် စေ့စပ်ဆွေးနွေးခြင်းမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းရေးနည်းလမ်း မရရှိခဲ့သဖြင့် ဇူလိုင်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံသည် ပညာရှင်များအဖွဲ့ ဖွဲ့စည်းတည်ထောင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အား တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။