အမေရိကန် အနေနှင့် မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသကို လေးစားပြီး အထင်သေးခြင်း သဘောပါသည့် ထောက်ပံ့ကြေးပေးရေး မူဝါဒကို အမြန်ဆုံး ပြင်ဆင်ရန် CCCME က လှုံ့ဆော် တိုက်တွန်း

(GMT+08:00)2024-07-16 15:26:13  

  တရုတ် စက်ပစ္စည်းများနှင့် အီလက်ထရွန်နစ်ပစ္စည်း သွင်းကုန်ပို့ကုန် ကုန်သွယ်ရေး အသင်း(CCCME)က အမေရိကန်သည် ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေ၏ ထောက်ပံ့ကြေးပေးရေးဆောင်ရွက်ချက်များကို ထုတ်ပြန်ပြီး တရုတ်ထုတ်ကုန်များနှင့် ထောက်ပံ့မှုကွင်းဆက်များကို ရည်ညွှန်းသည့် အထင်သေးခြင်း သဘောပါသည့် မူဝါဒကို အထူးသတ်မှတ်ခဲ့ပြီး ရည်ရွယ်ချက်သည် ၎င်းတို့ အထူး ရည်ညွှန်းထားသောနိုင်ငံကို ဖိနှိပ်မှု ပြုသည့် အခြေခံပေါ်တွင် ၎င်းတို့က ကိုယ့်နိုင်ငံတွင်း စွမ်းအင်သစ်သုံး မော်တော်ကားများ ထုတ်လုပ်ရေးကွင်းဆက်ကို ထောက်ပံ့ရန် ဖြစ်ကြောင်း၊ ယင်းအက်ဥပဒေကို ထုတ်ပြန် ခဲ့ပြီး နောက် အမေရိကန်၏ လျှပ်စစ်ကား ဈေးကွက်များ၌ ရောင်းအားနှင့် ဝယ်ယူ သူများ၏ ယုံကြည်စိတ်တွေ အဖျက် ခံခဲ့ရပြီး လျှပ်စစ်သုံး အသွင်ကူးပြောင်းခြင်း ရည်မှန်းချက် ဖော်ဆောင်ရန် ဆိုင်းငံ့မှု ဖြစ်စေသည့် အကြီးဆုံးသော အဟန့်အတား ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  CCCME က မိမိတို့ အနေနှင့် တရုတ်စွမ်းအင်သစ်သုံး မော်တော်ကားများ ထုတ်လုပ်ရေး၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရားမျှတသော အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ အမေရိကန်အား ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့် ဝတ္တရားများကို တင်းကျပ်စွာ လိုက်နာရန်၊ မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေသကို လေးစားပြီး အထင်သေးခြင်း သဘောပါသည့် ထောက်ပံ့ကြေးပေးရေး မူဝါဒကို အမြန်ဆုံး ပြင်ဆင်ရန်၊ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ဗိုလ်ကျစိုးမိုးရေး လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ရန် လှုံ့ဆော်တိုက်တွန်းကြောင်း ဖော်ပြထားပါသည်။